28 C
Yangon

ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” Sniper နှစ်လက် နဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁ ကောင် ငရဲရောက်သွားတယ်လို့ ပြည်သူတွေကို သတင်းကောင်း ပါးလိုက်ရပါတယ်။ ကျွန်တော်တို့ မဟာမိတ် ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့နှင့်အတူ Flying Dragon Force (F.D.F)-SHWEBO၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ C&T SHWEBO-LDF၊ MDF SHWEBO နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂၊တိုက်နယ်-၅ မဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article