30 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးလာသည့် ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်

Must read

ဆားလင်းကြီးတွင် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးလာသည့် ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးလာသည့် ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဓားမဆိုင်း တပ်မတော်၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့တွင် မုံရွာဘက်မှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ စစ်ကြောင်းက ချင်းတွင်းမြစ်ကို စက်လှေ ၄ စီးဖြင့် ကူးလာပြီး ညောင်ပင်ကြီး ရဲစခန်းသို့ အင်အား ၁၀၀ ခန့်ဖြင့် ရောက်ရှိလာကာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်​ကြောင်းထိုး စီးနင်းခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့နယ်မှ ဖမ်းဆီးလာသည့် ဓားစာခံ အမျိုးသား ၃ ဦးကို ဆားလင်းကြီးမြို့နယ်၊ မန်ကျည်းတန်းရွာ အရှေ့ဘက်၌ ထန်းတောထဲတွင် ပစ်သတ်ပြီး ရုပ်အလောင်းများကို လမ်းဘေး၌ စွန့်ပစ်သွားကြောင်း သိရှိရသည်။

“စစ်ခွေး အင်အား ၁၀၀ ကျော်က မုံရွာကနေ ဖမ်းလာတဲ့ လူငယ် ၃ ဦး ကို မန်ကျည်းတန်းရွာနားမှာ ပစ်သတ်ပြီး အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်သွားတယ်။ ရွှေလှေ ကျေးရွာ နားမှာလည်း ဆိုင်ကယ် စီးလာတဲ့ အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့တယ်” ဟု ဓားမဆိုင်း တပ်မတော်၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်၊ ရေခါးရွာကို ရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article