33 C
Yangon

ဆားလင်းကြီးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ဆားလင်းကြီးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော်၏ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မုံရွာမြို့၊ တပ်မ ၃၃ မှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် ဆားလင်းကြီးမြို့သို့ ဝင်ရောက်လာစဥ် ယင်းမာပင်ခရိုင်အမှတ်တပ်ရင်း ၂၈ ဓားမဆိုင်း တပ်မတော် D.M.S.A ၏ တပ်ခွဲ ၄ က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်တာ ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွားတယ်။ စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဓားမဆိုင်းတပ်မတော်၏ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article