အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီ ၂၆
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပင်ပန်းနေလား? မောပန်းနေလား? နာကျင်ခံစားနေရလား? အားတင်းထား၍ ပိုပြီးတော်လှန်ပေးပါ။ ဒီနာကျင်ခံစားမှုတွေဟာ ငါတို့ခေတ် နောက်ဆုံးဖြစ်ရမယ်စိတ်နဲ့ပေါ့” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


