သံတောင်မြို့နယ်တွင် ကင်းပုန်းဝပ် နေသည့် စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၂၆
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ၇ မိုင်(ကျောက်တိုင်လမ်းခွဲ)ရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုနှင့် ကင်းပုန်းနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ၁ ပွင့်ဗိုလ်အပါ အဝင် ၃ ဦးသေဆုံးခဲ့ကြောင်း People Defence Force – Thandaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၅ ရက် ည ၇ နာရီခန့်က အဆိုပါ အကြမ်းဖက်စစ်တပ်စခန်းနှင့် ကင်းပုန်းစစ်သားများ အား People Defence Force – Thandaung အဖွဲ့မှ လက်နက်ကြီး ၃ လုံးဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ၁ ပွင့်ဗိုလ် တစ်အပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ ကျနော်တို့ တိုက်ခိုက်ပြီ တော့ စစ်ခွေး တွေဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိတယ်၊ လက်နက်ကြီးပစ်တာ ၈ လောက်ရှိမယ်၊ စစ်ခွေးတွေဘက်က ပစ်တဲ့လက်နက်ကြီးစထိမှန်ပြီးတော့ အဖွားတစ်ဦး ဒဏ်ရာရတယ်၊ ဒဏ်ရာကတော့ သက်သာတယ်လို့တော့ ကြားပါတယ်၊ တခြား ထိခိုက် ပျက်စီးမှုတော့ မသိရသေးဘူး” ဟု People Defence Force – Thandaung တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
သံတောင်မြို့ရှိ အကြမ်းဖက်စစ်တပ်မှ သံတောင်မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် အသက် ၆၀ အရွယ် အဖွားတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သည့်အပေါ် များစွာ စိတ် မကောင်းဖြစ်ရကြောင်း People Defence Force – Thandaung တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
