ပခုက္ကူမြို့နယ်၊ တဲကုန်းရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၁၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ရန်ကုန်၊ ဧပြီ ၂၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တဲကုန်းရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၁၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ မြိုင် ပကဖ မှ ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ပခုက္ကူမြို့နယ်၊ တဲကုန်းရွာရှိ ပျူစောထီးများကို တော်လှန်ရေး အင်အားစုများက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁၃ ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးကာ ၈ ဦး ပခုက္ကူ ဆေးရုံတွင် ဆေးကုနေရကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း မြိုင် ပကဖ မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို မြိုင်ပကဖ ရင်း(၁) ခွဲ(၄) စု(၃)မှ စိတ်(၁/၂)နှင့် မြိုင်ပကဖ IO အဖွဲ Black Cobra ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ပျူစောထီး ခေါင်းဆောင် တင်ဝင်း မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲ အတွင်း ပျူစောထီးများထံမှ ကာဘိုင် ၁ လက်၊ ကျည် ၃၅ တောင့်၊ ဘောက် ၂ ခု ၊ လက်ပစ်ဗုံး ၃ လုံး၊ တစ်တောင့်ထိုးမောင်းချိုး ၄ လက်နှင့် ကျည် ၂၂ တောင့်၊ လက်ကိုင်ဖုန်း ၃ လုံး ၊ ကျည်ကာ ၂ ထည်ရရှိခဲ့ကြောင်း သိရှိရသည်။
