အီတလီနိုင်ငံ၏ လွတ်မြောက်ရေးနေ့ လူထုတွေ့ဆုံပွဲကို ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက် မိန့်ခွန်း ပြောကြား
ရန်ကုန်၊ ဧပြီ ၂၆
အီတလီနိုင်ငံ၏ လွတ်မြောက်ရေးနေ့ လူထုတွေ့ဆုံပွဲကို ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
အီတလီနိုင်ငံ ပြန်လည် တည်ထောင်ခြင်းနှင့် ဖက်ဆစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်သည့် ဧပြီ ၂၅ ရက်နေ့တွင် အီတလီနိုင်ငံ ကာဆာချယ်ဗီ ပြတိုက်၌ ပြုလုပ်ခဲ့သည့် အထိမ်းအမှတ်ပွဲကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပြီး စကားပြောကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ အထိမ်းအမှတ်ပွဲကို ကာဆာချယ်ဗီ ပြတိုက်တွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၅၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
“ဖက်ဆစ်စနစ်ကို မြန်မာပြည်မှာလည်း အမြစ်ဖြတ်ရတော့မှာပါ။ အကြမ်းဖက် စစ်ကောင်စီ ရရှိနေတဲ့ ဝင်ငွေရလမ်းတွေ အားလုံးကို ဖြတ်တောက်နိုင်ရင် ဖက်စစ် စစ်တပ်ကျဆုံးမှာပါ”လို့ ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။


