အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီ ၂၈
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ” စည်းကမ်းမဲ့တဲ့ စစ်တပ် ဆိုတာ အကြမ်းဖက် လက်နက်ကိုင်မျှသာဖြစ်တယ်။ ပြည်သူပေါ်အကြမ်းဖက် နေမှတော့ တွန်းလှန်တိုက်ဖျက်ရုံမှတပါးအခြားမရှိပြီ” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။