ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာက စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
ရန်ကုန်၊ ဧပြီ ၂၉
ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာက စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ အစားအသောက်များ ကျွေးမွေး လှူဒါန်း ခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုများ ပြုလုပ်နေခြင်းကြောင့် ထမင်း၊ ဟင်း ဆက်လက် ကျွေးမွေး လှူဒါန်းနိုင်ရန် လိုအပ်လျက် ရှိကြောင်း၊ ပြည်သူများ အနေဖြင့် ဆက်လက် ပါဝင် လှူဒါန်းခြင်းဖြင့် စစ်ရှောင် ပြည်သူများအတွက် အာဟာရဒါန မျှဝေ ပေးပါရန် S&C အဖွဲ့မှ မေတ္တာ ရပ်ခံထားကြောင်း သိရသည်


