30.5 C
Yangon

စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိများမှစ၍ အောက်ခြေ တပ်သားများအထိ Sex Chat ထားသည့် ဗီဒီယိုဖိုင်များ “အိပ်ယာဝင်ပုံပြင်” တယ်လီဂရမ် ချန်နယ်တွင် ပေါက်ကြား၊ အကောင့်ပိုင်ရှင်ကို အရေးယူရေး စစ်တပ်က အပူတပြင်းရှာဖွေ

Must read

စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိများမှစ၍ အောက်ခြေ တပ်သားများအထိ Sex Chat ထားသည့် ဗီဒီယိုဖိုင်များ “အိပ်ယာဝင်ပုံပြင်” တယ်လီဂရမ် ချန်နယ်တွင် ပေါက်ကြား၊ အကောင့်ပိုင်ရှင်ကို အရေးယူရေး စစ်တပ်က အပူတပြင်းရှာဖွေ

ရန်ကုန်၊ ဧပြီ ၂၉

စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိများမှစ၍ အောက်ခြေ တပ်သားများအထိ အမျိုးသမီးတစ်ဦးနှင့် Sex Chat ထားသည့် ဗီဒီယိုဖိုင်များကို အိပ်ယာဝင် ပုံပြင်များ တယ်လီဂရမ် ချန်နယ်တွင် ပေါက်ကြားသွားပြီး Sex Chat ပြောသည့် အကောင့်ပိုင်ရှင်ကို အရေးယူရေး စစ်တပ်က အပူတပြင်းရှာဖွေနေကြောင်း သိရှိရသည်။

စစ်တပ်အတွင်းမှ အိမ်ထောင်သည်များ၊ လူပျို စစ်သည်၊ အရာရှိများက လူမှု ကွန် ရက်တွင် အမျိုးသမီးတစ်ဦးကို ဆက်သွယ်၍ ဗီဒီယိုခေါ်ကာ Sex Chat ပြုလုပ် ထားသည့် ဗီဒီယိုရာနှင့်ချီ၍ ပေါက်ကြားလာခြင်းဖြစ်ပြီး ယင်းဗီဒီယို များကို “အိပ်ယာဝင်ပုံပြင်များ” တယ်လီဂရမ်တွင် နေ့စဉ် တင်ပြထား ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“လူမှုကွန်ရက်မှာ မေမီ(အကောင့်အတု)ဆိုတဲ့ အကောင့်တစ်ခုရှိတယ်။ အဲဒီကို စစ်သားတွေ၊ အရာရှိတွေက ငွေပေးပြီး Video Sex Chat လုပ်ကြတာ။ အဲဒီ Video တွေကို ပြန်စုစည်းပြီး တယ်လီဂရမ် ချန်နယ်မှာ အိပ်ယာဝင်ပုံပြင် ဆိုပြီး စုစည်းပြီး တင်တာ။ အဲဒီချန်နယ်တွေ တက်လာတော့ အရာရှိကတော်တွေ တော်တော်များများ ပွတ်လောရိုက် ကုန်တယ်။ သူတို့ ယောင်္ကျားတွေပါနေလို့။ အခုတော့ တိုင်ကြတောကြနဲ့ အဲဒီ အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ် ပြန်ဖျက်သွားပြီ”ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ်ကို ချက်ချင်း ရှာဖွေ အရေးယူရန် နေပြည်တော်စစ်ရုံးချုပ်က ညွှန်ကြားချက် တစ်ရပ် ထွက်ရှိလာကြောင်း၊ စစ်တပ်ကို လူမှုရေး အရှုပ်အရှင်းများဖြင့် ဖြိုခွဲရန် ကြံစည်သည်ဟု စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းက သုံးသပ်ကြောင်း သိရှိရသည်။

“အဲဒီ Sex Chat လုပ်တဲ့အထဲမှာ အရာရှိကြီးပိုင်းတွေအထိ ပါတော့ အတော်ကို ပွတ်လောရိုက်ကုန်တာ။ အပြင်မှာ အတိုလေး တို့ကမ္ဘာဆိုပြီး တပ်ထဲတွေမှာ လည်း သတင်းတွေပြန့်ကုန်တာ။ စစ်တပ်ထိပ်ပိုင်းအထိပါ အဲဒီသတင်း ရောက် ကုန်တယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆက်ပြောသည်။

စစ်အရာရှိကတော်အများစုက ၎င်းတို့၏ စစ်အရာရှိ လင်ယောင်္ကျားများ အိပ်ယာဝင်ပုံပြင် တယ်လီဂရမ်ချန်နယ်တွင် Sex Chat ပြောခဲ့သည့် Video များ တက်လာခြင်း ရှိ၊ မရှိ ပုံမှန်စစ်ဆေးနေကြရပြီး Sex Chat Video ဖြုတ်ချပေးရန် ငွေကြေးပေး ညှိနှိုင်းမှုများလည်းရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article