28 C
Yangon

မန္တလေးမြို့ပေါ်ရှိ ခလရ ၉၁၀ တပ်ကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မန္တလေးမြို့ပေါ်ရှိ ခလရ ၉၁၀ တပ်ကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၂၇

မန္တလေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၉၁၀ တပ်ကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်နတ်ဆိုးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မန္တလေးမြို့၊ ကုသိုလ်တော်နှင့် မန္တလေးတောင်အနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၉၁၀ တပ်ကို လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ နတ်ဆိုး မြေအောက် တော်လှန်ရေးတပ်ဖွဲ့မှ ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ခွေးသေစာရင်း မသိရသေးဘူး။ မြို့အလယ်ဆိုတော့ စုံစမ်းဖို့ခက်တယ်။ ပစ်တာက ၁ နေရာထဲပဲ ၉၁၀ တပ်က GE နဲ့ ခဲယမ်း သိုလှောင်တပ် ပေါင်းထားတာ ပြီးတော့ ခလရ ၉၅ နဲ့ တစ်ဆတ်တည်းပဲ” ဟု နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်နတ်ဆိုးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက် တော်လှန်ရေး တပ်ဖွဲ့) နှင့် ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၁ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article