28 C
Yangon

အမှတ် ၁ စစ်ဒေသတွင် မတ်လအတွင်း ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်သား ၆၁၂ ဦး သေဆုံး

Must read

အမှတ် ၁ စစ်ဒေသတွင် မတ်လအတွင်း ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်သား ၆၁၂ ဦး သေဆုံး

ရန်ကုန်၊ မေ ၂၇

အမျိုးသားညီညွတ်ရေးအစိုးရ၏ အမှတ် ၁ စစ်ဒေသအတွင်း မတ်လ၌ ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်သား ၆၁၂ ဦး သေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမှတ် ၁ စစ်ဒေသ လက်အောက်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်ပြီး မတ်လအတွင်း တိုက်ပွဲပေါင်း ၄၃၇ ကြိမ် ဖြစ်ပွားကာ အကြမ်းဖက် စစ်သား ၆၁၂ ဦး သေဆုံးပြီး ၇၀၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၆၀ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ရပြီး ၉၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ ၂၇ လက် နှင့် ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့ များ ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article