မိုးဗြဲမြို့တွင် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး
ရန်ကုန်၊ မေ ၂၇
ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“မိုးဗြဲကို ဒီမနက် ဗုံးကျဲနေတာပါ ညောင်ဝိုင်းလောက်ကျတယ် ထိခိုက်မူရှိတယ်။ အတိအကျ ကြားတာတော့ ၂ ဦးသေဆုံးတယ်။ စစ်ခွေးတွေက လက်နက်ကြီးနဲ့ပါ လျောက်ပစ်နေတာ သေဆုံးသူ ၂ ဦးရဲ့ ရွာကမသိဘူး။ လမ်းပေါ်မှာ ၁ ဦးသေတယ်။ ကျန်တဲ့ ၁ ဦးကတော့ ပေါ်ဦးကလို့ ပြောတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2023/05/349124900_469688288686994_7492207349666577135_n.jpg)
![](https://yktnews.com/wp-content/uploads/2023/05/350130197_239550492010454_6670121865079437270_n.jpg)
![](https://yktnews.com/wp-content/uploads/2023/05/350139474_613144244120036_2670341857461773097_n.jpg)
![](https://yktnews.com/wp-content/uploads/2023/05/349003084_584451946862974_930259611329313559_n.jpg)
![](https://yktnews.com/wp-content/uploads/2023/05/349587923_2590077024464915_2579862404982259974_n.jpg)