ရန်ကုန်တွင် ဗကသ ကျောင်းသားများက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မေ ၃
ရန်ကုန်တွင် မရမ်းကုန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ကျောင်းသားများ သမဂ္ဂ ( ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းကာ ”တော်လှန်ရေးသမား ကိုသေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး” စတစ်ကာများ ဖြန့်ဝေပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။