31 C
Yangon

ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန် ၊ မေ ၃

မန္တလေးမြို့၊ ပြည်ကြီးကြီးတံခွန်အထွေထွေအုပ်ချုပ် ရေးမှူးရုံးကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြနန္ဒာစစ် ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂ ရက် ည ၇ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ၁၁၅ လမ်း၊ အဆင့်မြင့် ရဲစခန်း အနီးရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို မြနန္ဒာ စစ်ဆင်ရေးအဖွဲ့မှ သေနတ် အတိုဖြင့် ဝင်ရောက်ပစ်ခတ်ပြီး လက်ပစ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ခိုက်တဲ့အချိန်မှာ မျက်မြင်ခွေး ၁၀ ကောင်လောက်ရှိတယ်၊ သေနတ်အတိုနဲ့ အရင်ဝင်ပစ်တာ၊ ပြီးမှ လျက်ဆား ၂ လုံးကျွေးခဲ့တာ၊ အဆင့်မြင့်ရဲစခန်းနဲ့နီးတော့ အဲဒီကနေ ခွေးတွေက ထွက်ပစ်တယ်၊ ကျ နော်တို့လူတစ်ယောက်ထိတယ်၊ မစိုးရိမ်ရပါဘူး” ဟု မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း လဲကျသေဆုံးဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို လူနာတင်ယာဉ် ၃ စီးဖြင့် သယ်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာရှိမှု အရေအတွက်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အ ကြမ်းဖက်စစ်သားများဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူ့ကာ ကွယ်ရေးမြို့ပြပြောက်ကျား ရဲ ဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article