32 C
Yangon

စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှု သတင်း ဆင်ဟွာက ထုတ်ပြန်

Must read

စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှု သတင်း ဆင်ဟွာက ထုတ်ပြန်

ရန်ကုန်၊ မေ ၃

စစ်ခေါင်းဆောင်ဟောင်း သန်းရွှေနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ နေပြည် တော်တွင် မေ ၂ ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်အစိုးရ၊ ဆင်ဟွာ သတင်းဌာနက ယနေ့ သတင်းထုတ် ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးသန်းရွှေ၏ အဓိကအကျိုးဆောင်မှုများကို တန်ဖိုးထားကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အမြဲရှုမြင်ပြီး ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အစဉ်အမြဲ ယုံကြည်ရသော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်သလို မြန်မာနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်းကို အစဉ်အမြဲ ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည့်စုံမှုကို လေးစားသလို မြန်မာ နိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ဆောင်ရွက်မှုကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ၏ သီးခြားလွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခြင်းတို့တွင် အပြုသဘောပံ့ပိုးဆောင်ရွက်သွားပြီး မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည် ရေးသည် နှစ်နိုင်ငံယခင်ခေါင်းဆောင်များက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံခေတ်အဆက်ဆက် ခေါင်းဆောင်များက တွန်းအားပေး ဆောင်ရွက်ခဲ့ကြရာ နှစ်နိုင်ငံပြည်သူများ၏စိတ်နှလုံးဝယ်စွဲမြဲစွာ တည်ရှိကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေး ထားရှိကာ မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသောကူညီပံ့ပိုးမှုများပေးအပ်ခြင်းအတွက် ကျေး ဇူးတင်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအစဉ်အလာကို ခိုင်မာစွာ ဆက်ခံကာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ နှစ်နိုင်ငံဆက်ဆံရေး ရလဒ်ကောင်းများ ရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားလိုသည်ဟု ပြောဆိုကြောင်း ဆင်ဟွာသတင်းတွင် ရေးသားထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် မြန်မာနိုင်ငံသို့ မေလ ၂ ရက်နေ့တွင် ရောက်ရှိနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article