ရေစကြိုမြို့ပေါ် စုပေါင်းရုံးရှိ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ မေ ၄
မကွေးတိုင်း၊ ရေစကြိုမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ စုပေါင်းရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်များ ကို ပြောက်ကျားနည်းစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့မေလ ၄ ရက် ညနေ ၅ နာရီခွဲခန့်က အကြမ်းဖက်စစ်သား အများအပြားတပ်စွဲထားသော ရေစကြို မြို့၊ အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံ Myingyan Black Tiger (MBT)မှ ပြောက်ကျား နည်းဗျူဟာစနစ်အား အသုံးပြု၍ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတစ်ကောင်သေတာ ဖရဲသီးသတင်းအတည်ပြုချက်အရ သိရတယ်၊ လက်ရှိက ခွေးတွေက အင် အားအများကြီးပဲ၊ အင်အားများတဲ့ကြားထဲကမှ သွားတိုက်ခိုက်ခဲ့တာ၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်၊ စစ်ခွေးတွေဘက်က ၆၀ မမ တွေနဲ့ပါပစ်တယ်၊ သူတို့က အင်အားအများကြီးဆိုတော့ ကျနော်တို့က မနိုင် နိုင်ဘူး၊အဲဒါကြောင့် ပြောက်ကျားနည်းဗျူဟာသုံးပြီးတိုက်ခိုက်ခဲ့တာပါ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။