37 C
Yangon

KNLA တပ်မဟာ ၅ နယ်မြေရှိ BGF တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု BGF ၆ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

Must read

KNLA တပ်မဟာ ၅ နယ်မြေရှိ BGF တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု BGF ၆ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၄

ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ BGF ၆ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။

မေလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် KNLA တပ်မဟာ ၅ နယ်မြေရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF၏ နီကန်စခန်းကို KNLA-အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်-BGF မှ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း BGF ထံမှ AR ၅ လက်၊ ကျည်ဆံအပြည့်ပါ ကျည်ဘောက် ၁၆ ချပ်၊ 9-MM ပစ်စတို ၁ လက်၊ RPG-7 ၁ လက်နှင့် ဗုံးသီး ၆ လုံး၊ NATO စက်လတ် ၁ လက်နှင့် ကျည် ၅၀၀ တောင့်၊ ဆက်သွယ်ရေး စကားပြောစက် ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲ အတွင်း KNLA-ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၅ တပ်မဟာ ဘက်မှ စစ်သည်တော် ၂ ဦးကျဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article