Khit Thit သတင်းဌာန၏ မေ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် စစ်တပ်ရဲ့သတ်ဖြတ်မှုကို ခံနေရတဲ့ မြန်မာပြည်သူတွေ အတွက် ကုလလုံခြုံရေးကောင်စီကနေ ဘာတွေ ထိရောက်အောင်ဆောင်ရွက်နိုင်ပေးမလဲလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကနေ ကုလ အစည်း အဝေးမှာ မေးခွန်းထုတ်လိုက်ပါတယ်။
– ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံ လူငယ် ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ထားတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က လက်ပွကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းတဲ့အချိန် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံပြည်သူ ၁၀ ဦးရဲ့ သတင်းအစန ပျောက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။