29 C
Yangon

ဝက်လက်မြို့နယ်တွင် ကျောင်းသားထု အစည်းအဝေးခေါ်ယူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြော

Must read

ဝက်လက်မြို့နယ်တွင် ကျောင်းသားထု အစည်းအဝေးခေါ်ယူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြော

ရန်ကုန်၊ မေ ၅

၀က်လက်မြို့နယ်တွင် ၀က်လက်မြို့နယ် ကျောင်းသားသမဂ္ဂ၊ အမှုဆောင်အဖွဲ့မှ ကျောင်းသားထု အစည်းအဝေးခေါ်ယူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောခဲ့ကြောင်းသိရသည်။

ထို့ပြင် ကျောင်းသားထု အစည်းအဝေးကို တက်ရောက်လာသော ကျောင်းသား ကိုယ်စားလှယ်များက ၀က်လက်မြို့နယ် ကျောင်းသားသမဂ္ဂ၊ အမှုဆောင်အဖွဲ့မှ တင်သွင်းသော အစီရင်ခံစာအပေါ် ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို မဲခွဲဆုံးဖြတ်ခဲ့ပြီး မြို့နယ် သမဂ္ဂ အမှုဆောင် အဖွဲ့သစ်ကို ကျောင်းသားထု၏မဲဖြင့် ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

၀က်လက်မြို့နယ် ကျောင်းသား သမဂ္ဂသည် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့တိုင် ‌စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတို့အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ပြီး ကျောင်းသားထုအကျိုး၊ ပြည်သူ့အကျိုးတို့ကို ဆောင်ရွက်လျက်ရှိသည်။ မြို့နယ်ကျောင်းသားထုအစည်းအဝေး၏ ဆုံးဖြတ်ချက်များအဖြစ် ၀က်လက်မြို့နယ်၏ ပညာရေးလုပ်ငန်းများတွင်ကျောင်းသားထုပိုမိုပါ၀င်စေရေးအတွက် ကျောင်းအလိုက် ကျောင်းသားထုပိုမိုပါ၀င်လာစေရေးကို ဆောင်ရွက်ကြရန်စသည့် ဆုံးဖြတ်ချက်များကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article