လောင်းလုံးမြို့နယ်တွင် တော်လှန်လူငယ်များက ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ မေ ၇
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မေလ ၇ ရက်နေ့တွင် “တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။