30 C
Yangon

ရေးမြို့နယ်၊ ဝါပသဲရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပြာကျ

Must read

ရေးမြို့နယ်၊ ဝါပသဲရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပြာကျ

ရန်ကုန်၊ မေ ၈

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါပသဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရေးမြို့နယ်၊ ဝါပသဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်ပြာကျကာ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

” ဝါပသဲရွာကို စစ်ခွေးတွေက တိုက်ပွဲမရှိဘဲ တိုက်လေယာဥ်နဲ့ ဗုံးလာကျဲတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိပေမယ့် အတည်မပြုနိုင်သေးဘူး။ နေအိမ်တွေလဲ မီးလောင် ပြာကျသွားတယ်။ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article