36 C
Yangon

ဗန်းမောက်မြို့၊ ဆိတ်စခူမှော်အနီး PDF တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းစဥ် ပုပ်ပွသေဆုံးနေသည့် စစ်သား အလောင်း ၆ လောင်းတွေ့ရှိ

Must read

ဗန်းမောက်မြို့၊ ဆိတ်စခူမှော်အနီး PDF တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းစဥ် ပုပ်ပွသေဆုံးနေသည့် စစ်သား အလောင်း ၆ လောင်းတွေ့ရှိ

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်မြို့အနောက်ဘက်၊ ဆိတ်စခူမှော်အနီးအနား PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် ပုပ်ပွသေဆုံးနေသော အလောင်း ၆ လောင်းတွေ့ရှိခဲ့ကြောင်း Bamauk Revolution -BR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက တိုက်ပွဲဖြစ်ရာ ဗန်းမောက်မြို့အနောက်ဘက်၊ ဆိတ်စခူမှော်အနီးအနား နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်း လင်းစဉ် ပုပ်ပွသေဆုံးနေသော အကြမ်းဖက်စစ်သား အလောင်း ၆ လောင်းကို တွေ့ရှိပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ရကြောင်း၊ ယင်းတိုက်ပွဲဖြစ်ပွားစဉ်အချိန်က အကြမ်းဖက်စစ်သားများ အထိနာပြီး အကြမ်း ဖက်စစ်တပ်က လေယာဉ်ဗုံးကျဲခဲ့ကြောင်း သိရသည်။

“အဲဘက်မှာက ဖုန်းလိုင်းတွေလဲ ဖြတ်ထားတယ်ဗျ၊ လွန်ခဲ့တဲ့နှစ်ပတ်ဒါမှ မဟုတ် ၃ ပတ်အကြာလောက် ကတိုက်ပွဲပဲ၊ အဲတိုက်ပွဲသတင်းတော့ ကျနော်တို့ Page က မတင်လိုက်ရဘူး၊ လေကြောင်းကလဲ ခဏ တိုင်း ကျဲနေတော၊ တော်ကြာလာဝဲလိုက်၊ ဗုံးကျဲသွားလိုက်နဲ့ အဲတုန်းက အကြိမ်ရေတော်တော်များ တယ်” ဟု Bamauk Revolution -BR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၈ ရက်နံနက်ပိုင်းတွင်လည်း ဗန်းမောက်မြို့နယ်၊ ကြောင်လည်ရွာအနီး၌ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေ အနေ မသိရသေးကြောင်း Bamauk Revolution -BR မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

Photo – ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကိုးကန့် ဒေသအတွင်း MNDAA တပ်ဖွဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဥ် တွေ့ရှိခဲ့သော စစ်သား အလောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article