26.6 C
Yangon

ရွှေဘို၊ သရက်ပင်ဝန်းရွာရှိ ပြည်သူပိုင် နေအိမ် ၂၂ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရွှေဘို၊ သရက်ပင်ဝန်းရွာရှိ ပြည်သူပိုင် နေအိမ် ၂၂ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းရွာရှိ ပြည်သူပိုင် နေအိမ် ၂၂ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို စစ်သားများက ခိုးယူသွား​ေကြောင်း သိရသည်။

” ရွာကို စစ်ခွေးများက အကြောင်းမဲ့ မီးရှို့သွားတာပါ ၈ ရက်နေ့ ညက ရှို့သွားတာ နေအိမ် ၂၂ လုံး ပြာကျသွားတယ်။ မီး အရှို့မခံရတဲ့ နေအိမ်တွေကိုတော့ သော့တွေဖျက်ပြီး ပစ္စည်းတွေ ခိုးယူသွားတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၂ မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article