29.7 C
Yangon

ရေဦးမြို့နယ်၊ ထန်းတောရွာရှိ စာသင် ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ ကလေးများ ကျောင်းဆင်းချိန်ဖြစ်၍ ထိခိုက်သူ မရှိ

Must read

ရေဦးမြို့နယ်၊ ထန်းတောရွာရှိ စာသင် ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ ကလေးများ ကျောင်းဆင်းချိန်ဖြစ်၍ ထိခိုက်သူ မရှိ

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းတောရွာရှိ အထက်တန်းပြ စာသင် ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ပကဖရဲဘော် ထူးခန့်ဇော် အမေ့သားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် တံတားဦးလေတပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ရေဦးမြို့နယ် အနောက်ခြမ်း တင်းတိန်ရံရွာအနီး ထန်းတောရွာရှိ အထက်တန်းပြ ဗောဓိစာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့​​ပြီး ကလေးများ ကျောင်းဆင်းချိန် ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

အဆိုပါ ဗောဓိ စာသင်ကျောင်းသည် CDM ကျောင်း ဖြစ်​ပြီး လက်ရှိချိန်တွင် ကျေးရွာအနီးအနားရှိ ကလေးငယ်များကို ပညာသင်​ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

“အထက ကျောင်းကြီးပါပဲ။ ၂ထပ်ကျောင်းဆောင်ကြီးပါ။ ကလေးသူငယ်တွေက အခု မွန်းလွဲ ၁၂ လောက်က ကျောင်းဆင်း ပေးလိုက်တော့ အထိအခိုက်မရှိပါဘူး။

ကျောင်းကြီး အတွင်းက စာကြည့်တိုက် တစ်လုံး ဗုံးစထိမှန်ပြီး မီးလောင် ပျက်ဆီးခဲ့တယ်။ ထန်းတောရွာ အတွင်းက လျှပ်စစ်မီးကြိုးတွေ အကုန်မီးလောင်သွားတယ်။ ကျောင်းအဝင် မုဒ်တိုင်တချို့ ထိမှန်ပျက်ဆီးထားတယ်” ဟု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ပကဖရဲဘော် ထူးခန့်ဇော် အမေ့သား ကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ ယခုညနေပိုင်းတွင် လေကြောင်း အတက်အဆင်းများသောကြောင့် ထန်းတောရွာ အပါအဝင် အနီးဝန်းကျင်ရွာများရှိ ပြည်သူများသည် စိုးရိမ်ထိတ်လန့် လျက်ရှိကြောင်း သိရှိရသည်။

တင်းတိန်ရံရွာနှင့် ထန်းတောရွာရှိ ပြည်သူများသည် ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက် နိုင်ခြင်း မရှိဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ဘေးရှောင် ပြည်သူများကို လှူဒါန်းလိုသော ပြည်သူများအနေဖြင့် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေးအဖွဲ့၏ Facebook စာမျက်နှာသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ပြန်ကြားရေး တာဝန်ခံက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article