21 C
Yangon

ရန်ကုန်တွင် စစ်အုပ်စုဘက်မှ ရပ်တည် ကာကွယ်ပေးနေသော တရုတ်အစိုးရနှင့် ကွန်မြူနစ်ပါတီကို ဆန့် ကျင်ရှုတ်ချသည့်အ​နေဖြင့် တရုတ်အလံကို မီးရှို့ သပိတ်​မှောက်

Must read

ရန်ကုန်တွင် စစ်အုပ်စုဘက်မှ ရပ်တည် ကာကွယ်ပေးနေသော တရုတ်အစိုးရနှင့် ကွန်မြူနစ်ပါတီကို ဆန့် ကျင်ရှုတ်ချသည့်အ​နေဖြင့် တရုတ်အလံကို မီးရှို့ သပိတ်​မှောက်

ရန်ကုန်၊ ​မေ ၉

အကြမ်းဖက် ဖက်ဆစ် စစ်အုပ်စုကို နိုင်ငံတကာမျက်နှာစာ အပါအဝင် ကဏ္ဍအသီးသီးတွင် အကူ အညီနှင့် အကာအကွယ်များပေးနေသည့် တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ရှုတ်ချသည့် သပိတ်လှုပ်ရှားမှုကို ရန်ကုန်မြို့ပြသပိတ်အင်အားစုများ စုပေါင်း၍ ယ​နေ့လှုပ်ရှားကြသည်။

တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီသည် မြန်မာပြည်၏ အချုပ်အခြာအာဏာကို လေးစားကြောင်း တဖွဖွပြောနေသော်လည်း အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် ပြည်သူလူထုကို မတရားသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စုအား အကာအကွယ်နှင့် အကူအညီများပေးနေခြင်းသည် စစ်အုပ်စုနှင့် ပေါင်း၍ မြန်မာပြည်သူများကို သတ်ဖြတ်နေခြင်းပင် ဖြစ်​ကြောင်း သပိတ်အင်အားစုက ​ပြောသည်။

တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီသည် ၄င်းတို့၏ အကျိုးစိးပွားတခုတည်းကိုသာ ရှေးရှုပြီး –

⁃ အရပ်သားပြည်သူ ရာနဲ့ချီ ကျဆုံးခဲ့ရသည့် ပဇီကြီးကျေးရွာ ဖြစ်စဥ်အတွက် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မင်းအောင်လှိုင် စစ်အုပ်စုကို အရေးမယူနိုင်အောင် တရုတ်နှင့် ရုရှားမှ ရပ်တည်ကာကွယ်ပေးခဲ့​ကြောင်း၊

⁃ လက်ပံတောင်းဒေသရှိ တရုတ်စီမံကိန်းဝင်းများအတွင်း အကြမ်းဖက်စစ်တပ်ကို အခြေစိုက်ခွင့်ပြုထားခြင်းကြောင့် ၄င်းဒေသရှိ ကျေးရွာများ မီးရှို့ ခံရပြီး၊ ရွာသားရွာသူများ မတရားသတ်ဖြတ်ခံနေရ​ကြောင်း

⁃ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဥ်များဖြင့် သန်းရွှေ – မင်းအောင်လှိုင် စစ်အုပ်စုကို ထွက်ပေါက်ပေးနိုင်ရေးအတွက် နည်းလမ်းရှာ အကူအညီပေးလျက်ရှိ​ကြောင်း သိရှိရသည်။

တရုတ်ကဲ့သို့ အင်အားကြီး နိုင်ငံအနေဖြင့် မြန်မာ့အရေးကို လူကြီးလူကောင်းဆန်ဆန် တရားမျှတစွာ ရပ်တည်ဖြေရှင်းပေးရမည့် အစား ဖက်ဆစ်တပ်ကို ဆွေမျိုးပေါက်ဖော် လုပ်၍ တရုတ်၏ အကျိုးစီးပွားများနှင့် စီမံကိန်းများကို အကောင်အထည်ဖော်ရေး ဆက်၍ ကြိုးစားမည်ဆိုလျှင် လူထု၏ ယခုထက်ပိုမိုပြင်းထန်သည့် ဆန့်ကျင်မှုနှင့် ဒေါသကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ယခုလှုပ်ရှားမှုမှ သတင်းစကားပါးလို​ကြောင်း၊ ရန်ကုန်သပိတ်အင်အားစုက ​ပြောသည်။

မြန်မာပြည်သူတို့သည် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေလို​ကြောင်း၊ မြန်မာပြည်သူတို့၏ လွတ်လပ်မှုနှင့် တည်ငြိမ်မှုကို နှောက်ယှက်ဖျက်စီးနေသည်မှာ အကြမ်းဖက်စစ်အုပ်စုပင်ဖြစ်​ကြောင်း ​ထောက်ပြထားသည်။

မြန်မာပြည်သူတို့၏ လွတ်လပ်ရေးအတွက် ဆင်နွှဲလျက်ရှိသည့် နွေဦးတော်လှန်ရေးကြိး၏ ပန်းတိုင်သည် လွတ်လပ်၊ ငြိမ်းချမ်း၊ တည်ငြိမ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးဖြစ်​ကြောင်း၊ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင် မြန်မာပြည်သူများ၏ အသက်နှင့် ဘဝပေါင်းများစွာ ရင်းနှီးပေးဆပ်၍ တိုက်ပွဲဝင်နေမှုများကို တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီက သေချာနားလည်ပြီး တရားမျှတစွာ ရပ်တည်ပေးပါရန် ရန်ကုန် သပိတ်အင်အားစုများက တောင်းဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article