33 C
Yangon

ရွှေဘို၊ ဝက်လက်နှင့် ပခုက္ကူတို့တွင် စစ်သား၊ ပျူစောထီးများကို တိုက်ခိုက်မှု ၇ ဦးသေဆုံး

Must read

ရွှေဘို၊ ဝက်လက်နှင့် ပခုက္ကူတို့တွင် စစ်သား၊ ပျူစောထီးများကို တိုက်ခိုက်မှု ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာလမ်းဆုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံခဲ့ကြောင်း Eagle Guerilla Force တပ် ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ရွာသာကြီးကျေးရွာလမ်းဆုံ၌ အကြမ်းဖက်စစ်သား ၁၅ ဦးတပ်စွဲစုနေချိန် ဒရုန်းဖြင့် ဗုံးသီးကျဲချခဲ့ရာ စုဝေးရာနေရာသို့ တည့်တည့်ချနိုင်ခဲ့ပြီး အကြမ်းဖက်စစ် သား ၆ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerilla Force ၊ ZERO ပြောက်ကျား တပ်ဖွဲ့၊တပ်ရင်း ၇ မြင်းခြံခရိုင်၊ နဂါးနီတပ်ရင်း၊ တပ်ရင်း ၁ ကျောက်ဆည်ခရိုင် ဆားတောင်မိုးကြိုး အဖွဲ့နှင့်ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ်လက်အောက် ခံပျူစောထီး ၅ ဦးထက်မနည်းသည် မိုင်းရှင်းရန် ကားဖြင့် ထွက်လာစဉ် ညောင်ကိုင်းရွာနှင့် တည်သီးတောကျေးရွာကြား အရောက် တိုက်မိုင်း ၁၁ လုံးမိပြီး ထိခိုက်ဒဏ်ရာရရှိမှု အသိရသေး ဗိုလ်ဂျပန်ကြီး ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်မိုင်းများကို ဗိုလ်ဂျပန်ကြီး (TTT) Shwebo LPDF အဖွဲ့၊ ဗိုလ်ကျားရိုင်း Shwebo LPDF အဖွဲ့၊ တောင်သူကြီး Shwebo LPDF အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီး လမ်းကင်းစောင့်နေသည့် စစ်သားနှင့် ပျူစောထီး အင်အား ၃၀ ကျော်ကို မေလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဒရုန်းဖြင့် အီနာဂါ ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦးခဲ့ကြောင်း မြိုင်-ပကဖ မှ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်သားနှင့် ပျူစောထီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ရေလာလေးရွာသား အသက် ၂၃ နှစ်အရွယ် ကိုဖြိုးဝေလင်း ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Pku thurain Black Crbra မြိုင်ပကဖရင်း – ၁ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article