30 C
Yangon

ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေပြီး ပြည်သူများ ညအချိန်ထွက်ပြေးနေရ

Must read

ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေပြီး ပြည်သူများ ညအချိန်ထွက်ပြေးနေရ

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ ည ၇ နာရီခန့်က စတင်ကာ ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

” ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ကို စစ်ခွေး မီးရှို့နေတယ်။ သေနတ်သံတွေလည်း ကြားနေရတယ်။ ပွဲရပ်မှာ မုန့်ဟင်းခါး လာစားတဲ့ စစ်ခွေး ပစ်သတ်ခံရတာကို မကျေနပ်လို့ မုန့်ဟင်းခါး ဆိုင်ကနေစရှို့တာလို့ သိရတယ်။ ပြည်သူတွေ ညအချိန်ကြီး ထွက်ပြေးနေတယ်။ မီးငြိမ်းလို့မရအောင် စစ်ခွေးတွေက သေနတ်တွေနဲ့ ပစ်နေကြတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article