38 C
Yangon

ဒီးမော့ဆိုတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ တနင်္သာရီတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

ဒီးမော့ဆိုတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ တနင်္သာရီတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၁၇

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ရှောင်တခင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း KNDF တပ်ရင်း ၅ ထံမှ သိရသည်။

မေလ ၁၄ ရက် နေ့က အကြမ်းဖက်စစ်သားများ အခြေအနေ ကင်းထောက်ရင်း သေးဆူလဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ရှောင်တခင်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မေလ ၁၆ ရက် နေ့ကလည်း သေးဆူလဲကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိကာ KNDF တပ်ရင်း ၅ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ၄၃၃ တောင်ကြားတွင် အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့မေလ ၁၇ ရက် နံနက် ၉ နာရီခန့်က တနင်္သာရီမြို့နယ်အတွင်း ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာဘက်မှ ရမ်းဖိုရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုး လာစဉ် ၄၃၃ တောင်ကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မေလ ၁၇ ရက် နံနက် ၈ နာရီခန့်ကလည်း သကျက်ရွာဘက်ကနေ သိန္ဓောရွာဘက်သို့ တက်လာသော အကြမ်းဖက် စစ်တပ်ခြေလျင်စစ်ကြောင်းကို ဘန်းပြည့်ကျေးရွာ အနောက်ဘက် အင်း ချောင်း၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စု၊ တကူကျေးရွာအုပ်စုနှင့် ဘန်းလမွတ်ကျေးရွာအုပ်စုများတွင် အင်တာနက်ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article