22 C
Yangon

မူးမြို့နယ်တွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်း ထိုးစီးနင်းနေ

Must read

မူးမြို့နယ်တွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်း ထိုးစီးနင်းနေ

ရန်ကုန်၊ မေ ၁၉

ကရင်ပြည်နယ်၊ မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်း ထိုးစီးနင်းနေ​ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက သတင်းထုတ်ပြန်ထားသည်။

မေလ ၁၆ ရက်နေ့တွင် ကော်သူးလေအုပ်ချုပ် နယ်​မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ မူးမြို့နယ် အတွင်းရှိ တမာခေါကျေးရွာနှင့် တောင်စု(အနောက်) ကျေးရွာ အတွင်းသို့ အကြမ်းဖက် စစ်တပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၂ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းခံရသည့် ပြည်သူ ၂ ဦးမှာ တမာခေါရွာသား ဟစောပူးလူ – ၄၀ နှစ် နှင့် တောင်စု (အနောက်) ရွာသား စောဝါးထူး – ၇၀ နှစ် တို့ဖြစ်ကြောင်း၊ အဆိုပါ ပြည်သူ ၂ ဦးကို မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တမာခေါ ကျေးရွာနှင့် တောင်စု(အနောက်) ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ကာ အသက်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကာ ကျေးရွာ ၂ ရွာပေါင်း အိမ်ခြေ ၂၂၆ လုံးမှ လူဦးရေ ၇၉၀ ဦးရှိကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားသည်။

Photo – ကရင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း စီးနင်းမှု​ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article