35 C
Yangon

ပုသိမ်ကြီးမြို့နယ်၊ မြကန်သာရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဖြင့် ပစ်ခတ်၊ သံဖြူဇရပ် မြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွား

Must read

ပုသိမ်ကြီးမြို့နယ်၊ မြကန်သာရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဖြင့် ပစ်ခတ်၊ သံဖြူဇရပ် မြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ မေ ၁၉

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နတ်ဆိုး မြေအောက် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး မြေအောက် တော်လှန်ရေး အဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ပုသိမ်ကြီး ပ.က.ဖ. တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်ညိုပြည်သူ့ ပြောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၁၆ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းရွာ မှ သံဖြူဇရပ်မြို့ ဘက်သို့ ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဇီးနှစ်ပင်ရွာ နှင့် ရဲတံခွန်ရွာကြား နံနက် ၁၀ နာရီ ခန့်တွင် ၂ နောရာခွဲ၍ တောင်ညို ပြည်သူ့ ပြောက်ကြား တပ်ဖွဲ့ မှ ခြုံခို ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article