29 C
Yangon

ဆားတောင်မြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံး

Must read

ဆားတောင်မြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မ ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် စစ်သားနှင့် ရဲ ၁၂ ဦးသေဆုံးခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၇ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ဆားတောင်မြို့၊ မြို့မရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းတွင်းရှိ အရာရှိ ၁ ဦးအပါအဝင် စစ်သားနှင့် ရဲ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီနှင့် မိနစ် ၃၀ ကြာမြင့်ခဲ့ကြောင်း၊ စခန်းသိမ်းနိုင်ရန် အချိန်အနည်းငယ်အလိုတွင် တိုက်လေယာဥ် ၂ စီးအဆက်မပြတ် ဝဲပျံနေမှုကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“ညနေ ၆ နာရီလောက်ကနေ ည ၈ နာရီလောက်အထိ တိုက်ခဲ့တာ၊ စခန်းနားအထိကပ်နေပြီ၊ အကြီးစားဘန်ကာတွေလဲ ဖြိုချပြီးပြီ၊ ဂျက်ဖိုက်တာ ၂ စီးက ပျံဝဲနေတာ၊ သူတို့စခန်းစွန့်ခွာရတော့မယ့်အနေအထားဆိုရင် အကုန်သေ ဗုံးကျဲချတော့မယ့် သဘောပဲ၊ အဲဒါကြောင့် ပြန်ဆုတ်လာခဲ့လိုက်တာ၊ သေတာ ၁၂ ဦးအပြင် ထိခိုက်တာတွေလဲများတယ်၊ စခန်းမှာရှိတဲ့အင်အားက ၅၀ ကျော်လောက်ဆိုတော့၊ သေတဲ့အထဲမှာ အရာရှိတစ်ဦးပါတယ်လို့ သိရတယ်”ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ZERO ပြောက်ကျား တပ်ဖွဲ့ တပ်ရင်း ၇ မြင်းခြံခရိုင်နှင့် နဂါးနီ ကျောက်ဆည်၊ တပ်ရင်း ၁ ကျောက်ဆည်ခရိုင် တပ်ရင်း ၄ ၊ မြင်းခြံခရိုင်နှင့် ဆားတောင်မိုးကြိုးနှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article