36 C
Yangon

သာယာဝတီမြို့နယ်၊ ရွာသစ်ရွာတွင် ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

Must read

သာယာဝတီမြို့နယ်၊ ရွာသစ်ရွာတွင် ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၂

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရွာသစ်ရွာတွင် ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၁ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် သာယာဝတီမြို့နယ်၊ ရွာသစ်ရွာမ အကြမ်းဖက် စစ်တပ်ခန့် ရာအိမ်မှူး သန်းထွန်းအောင် နှင့် မယားဖြစ်သူ စိန်မြင့်တို့ကို သာယာဝတီ ဂဠုန်တပ်ဖွဲ့နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းကာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” သာယာဝတီမှာ ချေးငွေမဆပ်သူတွေကို ရဲနဲ့စစ်တပ်ကဖမ်းနေတာ အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက ခေါ်ဖမ်းခိုင်းတာနေတာ အဲသတင်းကြောင့် ကျန်သူတွေတော့ ငြိမ်သွားမလားမသိဘူး။ မငြိမ်ရင် ဆက်လက် အရေးယူပါ့မယ်။ ရွာသူ ရွာသားတွေ အပေါ် စကစ အားကိုးနဲ့ မိုက်ကြေးခွဲ အနိုင်ကျင့်ဆက်ဆံတယ်။ အခုသေတဲ့ လင်မယားက

အရမ်းဆိုးတာ သူ့မိန်းမ အဆိုးဆုံးပဲ ပြည်သူကတော့ ဝမ်းသာနေကြတယ်။ အရေးယူဖို့ တိုင်တာ ခဏခဏပဲ သူတို့ကို ပြည်သူကို မနှိပ်စက်ဖို့ ပြောတာ ဂရုမစိုက်ဘဲ ပိုဆိုးလာတာအဲ့ကြောင့် မဖြစ်မနေ အရေးယူလိုက်ရတာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ရာအိမ်မှူးသည် ကျေးရွာအတွင်းရှိ NLD ပါတီ ထောက်ခံ သူများကို PDF ဟု စွပ်စွဲပြီး ရဲခေါ် ရှာဖွေဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေး လုပ်ဆောင်နေသူ ဟု စွပ်စွဲ လုပ်ကြံ သတ်ဖြတ်ဖို့ အားထုတ်ခြင်း၊ ရွာသစ်ကျေးရွာ မြစိမ်းရောင်ချေးငွေ တာဝန်ခံဖြစ်ပြီး ကျေးရွာပြည်သူများ အပေါ် စစ်တပ် အားကိုးဖြင့် အနိုင်ကျင့် စီးနင်း ဆက်ဆံနေသူဖြစ်ပြီး ချေးငွေ ဆပ်ပြီးသူ ရွာသားများအပေါ်တွင် ၎င်းအမြင်မကြည်လျှင် ချေးငွေထုတ်မချေးသည်များ ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

1 COMMENT

  1. သတင်းတွေအသစ်ဖြစ်ရင်တင်ပေးပါခင်ဗျာ

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article