30 C
Yangon

ပဇီကြီးရွာရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများနှင့် ငွေကြေးများ လှူဒါန်း

Must read

ပဇီကြီးရွာရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများနှင့် ငွေကြေးများ လှူဒါန်း

ရန်ကုန်၊ မေ ၂၃

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ မေလ ၂၃ ရက်နေ့တွင် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က စားသောက်ကုန် ပစ္စည်းများနှင့် ငွေကြေးများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပဇီကြီးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်ခိုက်မှု အတွင်း ကျဆုံးခဲ့သည့် ပြည်သူ ၁၅၇ ဦး၏ ကျန်ရစ်သူ မိသားစုများကို ၁ ဦးလျှင် ၃၀၀၀၀ ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာမှ စစ်​ဘေးရှောင် ပြည်သူများအတွက် ဆန် အိတ် ၅၀၊ ပဲဆီ ၂၂၅ ပိသာ၊ ဆား ၂၅၀ ပိသာ၊ အ၀တ်အထည်များ၊ မိုးကာလိပ်အထူ ၅ လိပ်၊ ဆေးမျိုးစုံ အစုံ ၁၀၀၊ ငါးသေတ္တာ ၁၂၀၀ ဗူး၊ ခေါက်ဆွဲခြောက် ၇၂၀ ထုပ်၊ ကော်ဖီ ၁၀ ပါကင် ပါ ၂ ဖာ၊ အားဖြည့်အချိုရည် အလုံး ၆၀၀၊ ကလေးငယ်များ အတွက် ချိုချဥ် ဗူးကြီး ၁၀ ဗူး၊ မုန့်မျိုးစုံ ၇ ဖာ၊ အမျိုးသမီး လစဥ်သုံးပစ္စည်း ၁ အိတ်တို့ လှူဒါန်းခဲ့ပြီး S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့မှ မတည်ငွေ အားလုံးပေါင်း ကာလတန်ဖိုး သိန်း ၂၂၀ ကျပ်၀န်းကျင်ခန့် လှူဒါန်းနိုင်ခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article