33 C
Yangon

ရေစကြိုမြို့နယ်၊ မိဖုရားရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရကာ ရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ရေစကြိုမြို့နယ်၊ မိဖုရားရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရကာ ရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ မေ ၂၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မိဖုရားကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့‌မေလ ၂၆ ရက် နံနက် ၈ နာရီခန့်က ပခုက္ကူမြို့နယ်မှ ဝင်ရောက်လာသော စစ်ကြောင်းတစ် ကြောင်း၊ ရေစကြိုမြို့ပေါ်မှ ထွက်ခွာလာသော စစ်ကြောင်းတစ်ကြောင်းနှင့် မြင်းခြံမြို့နယ်ဘက်မှ ထွက်ခွာလာသော စစ်ကြောင်းတစ်ကြောင်း တို့ဖြင့် ရေလယ်ကျွန်းဒေသသို့ ဝင်ရောက် နေခြေင်းဖြစ်ပြီး ရေစကြိမြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက်စစ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိဖုရား ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၃၈ နှစ် အရွယ် ဒေါ်ခင်အေးပို သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မောင်ညီခန့်ဇင်မှ ခြေထာက်ထိမှန်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လှေခုတ်ရွာနှင့် မိဖုရားကို မီးရှို့နေပြီး စစ်ကြောင်း ၂ ကြောင်းခွဲတာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရေစကြိုမြို့ပေါ်ကနေ တစ်ကြောင်း၊အဲဒီတစ်ကြောင်းရွှေကျောင်းမော်တော် ဇက်ဆိပ်ကနေပြီးတော့ အရှေ့ဘက်ကို ကူးပြီး မိဖုရားဆိပ်ကမ်းကနေ လက်နက်ကြီးနဲ့ပစ်တာ၊ ပြီးတော့ ပခုက္ကူကနေပြီး သမံတကုန်းရွာဘက်နေ တစ်ကြောင်း၊ မြင်းခြံပတ္တာဆိပ်ကမ်းဘက်ကနေ တစ်ကြောင်းပေါ့၊ အဲဒီမြင်းခြံ ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းကတော့ မင်းရွာ(ပျူ)ရွာထဲ ဝင်သွားပြီ၊ ၇ ရွာ ၈ လောက်ရှိမယ်၊ ထွက်ပြေးနေရတာ၊ တစ်ရွာနဲ့တစ်ရွာကလည်းနီးတော့၊ ရေလည်ကျွန်းဒေသကို စစ်ကြောင်း ၃ ကြောင်း နဲ့ မွှေမယ်ဆိုတဲ့သဘောမျိုးပဲ” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မိဖုရားရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သားများသည် နေအိမ်များကို မီးရှို့နေပြီး အချို့မှာ ကြွယ်ကုန်းရွာဘက်သို့ ဦးတည်ထွက်ခွာနေကြောင်း၊ နွယ်နီကျွန်းသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများမှလည်း ပြည်သူအများစုကို ဖမ်းဆီးထားကြောင်း၊ နေရင်းကျေးရွာ၊ ပေါက် တောကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာလည်း အနီးအနားပတ်ဝန်း ကျင်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပေါက်အူရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

“ခွေးစစ်ကြောင်းက ချင်းတွင်းမြစ်ဘက်ကနေတစ်ကြောင်း၊ ဧရာဝတီမြစ်ဘက်ကနေ တစ်ကြောင်း ဝင်လာတာ၊ မိဖုရားရွာ၊ ကျောက်ဖူးရွာ၊ ကြယ်ကုန်းရွာ၊ ပေါက်တော၊ နေရင်း၊ ဆင်တဲ၊ လှေခုတ်ရွာ တွေကို ဝင်မွှေနေတယ်၊ မိဖုရားရွာနဲ့၊ လှေခုတ်ရွာကို မီးရှို့နေတယ်၊ စစ်ကြောင်း ၂ ကြောင်း အင်အား ၂၀၀ ဝန်းကျင်လောက်ရှိမယ်၊” ဟု ရေလယ်ကျွန်းသတင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article