မြောက်ဒဂုံ လျှပ်စစ်ရုံးနှင့် မန္တလေး ပြည်တွင်းအခွန်ရုံးကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
ရန်ကုန်၊ မေ ၂၇
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးကို ယနေ့ ညပိုင်း ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့ဖြစ် သော Mobile Local အဖွဲ့ က ပြောသည်။
မေလ ၂၇ ရက်နေ့ ည ၈ နာရီ ၁၃ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ လျှပ်စစ်မန် နေဂျာရုံးကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများ၏ လျှပ်စစ်မီတာပုံးများကို ဖြုတ်သိမ်းဖြတ်တောက်နေခြင်း၊ စစ်ကောင်စီအတွက် ဒဏ်ကြေးများဆောင်ခိုင်းပြီး မီတာခများ ကောက်ခံနေခြင်းကြောင့် မြောက်ဒဂုံ ကုန်ပဒေသာမှတ်တိုင် လျှပ်စစ်ရုံးကို Mobile Local အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။
“နောက်ထပ် အခုလို ပြည်သူတွေ အခက်ခဲဖြစ်စေဖို့ စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အသက်၊အိုးအိမ်၊စည်းစိမ်ကိုတာဝန်ယူမှာ မဟုတ်ဘူး” ဟု ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်သော Mobile Local အဖွဲ့ က ပြောသည်။
မြောက်ဒဂုံ ၇/၈ လမ်းဆုံအနီးနေထိုင်သူ ပြည်သူတစ်ဦးက ဗုံးပေါက်ကွဲမှုဖြစ် ပွားခြင်း မှာ မှန်ကန်ပြီး အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြားရသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ယနေ့ မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မန္တလေး တိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ၇၈လမ်း အရှေ့ဘက်၊ ၇၅(ဒီ)လမ်းနှင့်မြဝတီမင်းကြီး(၁)လမ်းအကြားရှိ ပြည်ကြီးတံခွန်မြို့နယ် ပြည်တွင်းအခွန်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ရုံးအဆောက် အအုံ အစိတ်အပိုင်းတချို့ ပျက်စီးသွားကြောင်း ရဲသတင်းရင်း မြစ်က ပြောသည်။
ဓာတ်ပုံ- ညအချိန် မန္တလေးတွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)