29 C
Yangon

ရေစကြို၊ အင်းတော်၊ ဆားလင်းကြီးတို့တွင် စစ်ကြောင်းနှင့်ရဲစခန်းကို တိုက် ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

Must read

ရေစကြို၊ အင်းတော်၊ ဆားလင်းကြီးတို့တွင် စစ်ကြောင်းနှင့်ရဲစခန်းကို တိုက် ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်ကို စစ်ကူပေး၍ ပြန်လည် ဆုတ်ခွာလာသည့် စစ်ကြောင်း တစ်ခုကို PDF များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများ အပြားသေဆုံးနိုင်ကြောင်း ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ချင်းတွင်းမြစ် အနောက် ဘက်ကမ်း၊ ရေစကြိုမြို့နယ်၊ လေးအိမ်တန်းကျေးရွာဘက်မှ ရေလယ်ကျွန်း ဒေသ ကို ဝင်ရောက်မီးရှို့နေသော စစ်တပ်ကို လက်နက်ကြီးပစ်ကူပေးကာ ရေစကြိုမြို့ပေါ်သို့ ပြန်ဆုတ်လာသည့် စစ်ကား ၁ စီးကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားအများအပြားသေဆုံးနိုင်ကြောင်း သိရသည်။

“ရေလည်ကျွန်းဒေသကို စစ်ကြောင်းထိုးပြီး တစ်ရွာဝင်တစ်ရွာထွက် မီးရှို့နေတဲ့ စစ်ကြောင်းကို လေးအိမ် တန်းကနေ လက်နက်ကြီးနဲ့ပစ်ကူပေးပြီး ရေစကြိုကို ပြန်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ ဘယ် လောက် သေတယ်တာအတိအကျ မသိရသေးတာ၊ သေတာတော့ အတော်များ တယ်၊ တိုက်ပွဲကလည်း ဖြစ်နေ တုန်းမို့ စာရင်း အတိအကျထုတ်ပြန်လို့မရတာ၊ ဖောကားတစ်စီး အင်အား ၄၀ လောက်ပါတယ်၊” ရေစကြိုပကဖမှတာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွာသာယာရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း Nothern ABSDF တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့‌မေလ ၂၇ ရက် ညနေ ၄ နာရီခွဲခန့်က ရွာသာယာရွာ၌ တပ်စွဲထားသော ခမရ ၄၁၆ တပ်သားများ ကို ABSDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း၊ စစ်တပ်က ရွာသာယာရွာသားများကို လက်ပြန်ကြိုးတုတ်ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံး ပြုပြီးမော်တိတ်ရွာဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

စစ်တပ်က မေလ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်နေ့တို့ တွင် ပြောက်ကျားတိုက် ခိုက်ခံရမှုကြောင့် သေဆုံးသွားသော အရာရှိ ၅ ဦးနေရာတွင် အစားထိုးနိုင်ရန် ယနေ့ မေလ ၂၇ ရက်နေ့ လည်ပိုင်းက အင်းတော်မြို့ဘောလုံးကွင်းအတွင်း ရဟတ်ယာဉ်ဖြင့် စစ်ကူများ ချထားကာ အရာရှိများ အစားထိုးနိုင်ရန် ပြင်ဆင်နေ ကြောင်း Nothern ABSDF တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းကို လက်နက်ကြီး များ ဖြင့် ပစ်ခတ်တိုက်ခိုက် ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ မေလ ၂၆ ရက် ည ၁၁ နာရီခွဲခန့်အချိန် ဆားလင်းကြီးမြို့ပေါ်တွင် အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို သတင်းထောက်လှမ်းခြင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်များ၏ နေအိမ်များကို မီးရှို့ ခြင်းများကို လုပ်ဆောင်နေသဖြင့် မြို့ပေါ်ရဲစခန်းကို လက်တုံ့ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်တာက ကျွန်တော်တို့မဟာမိတ် ၆ဖွဲ့ပေါင်းပြီး ပစ်ခတ်တာဗျ။ ဘာလိုအခုလို ပစ်ရတာ ပြည်သူတွေ ပြည်သူကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းထောက်လှမ်းတယ်။စစ်ကြောင်းထိုးလာရင် စခန်းကနေ လမ်းပြ အဖြစ်လိုက်တယ်။ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေရဲ့အိမ်တွေကို မီးရှို့ တာ တွေလုပ်လို့ အခုလိုပစ်ခတ်ရတာ။ ခွေးသေဆုံးမှုကတော့ စုံစမ်းနေဆဲဗျ။” ဟု သခင်ဒေါင်းညို က ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သခင်ဒေါင်းညို ၊ ဒေါင်းမင်းတပ်ရင်း၂၉ ၊ SPDF၊ ဘာမထီ ပွဲတိုင်းကျော် ၊ မုံရွာ ခရိုင်း တပ်ရင်၁၀ ၊ PPDF အဖွဲ့တို့ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပစ်တာကတော့ အလုံးအရေအတွက်အတော်များတယ်ဗျ။ ည၁၂ နာရီ ကျော်လောက်မှ ပစ်သံတွေရပ် သွားတယ်။စခန်းထဲက ပြန်ပစ်တာတွေ လည်းကြားရတယ်။ပြည်သူတွေကတော့ အထိတ်တလန့် နေ့ရတာပဲ။အသေးစိတ်ကတော့ ညအချိန်ဆိုတော့ ဘာမှမသိရသေးဘူး” ဟု ဆားလင်း ကြီးမြို့ ပေါ်နေပြည်သူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ဓာတ်ပုံ- ABSDF ရဲဘော်များက စစ်ကောင်စီတပ်များကို ပစ်ခတ် တိုက်ခိုက် နေစဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article