25 C
Yangon

ချောင်းဦးမြို့နယ်၊ ကမ္မရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေပြီး ပြည်သူ ၆၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

Must read

ချောင်းဦးမြို့နယ်၊ ကမ္မရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေပြီး ပြည်သူ ၆၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ မေ ၂၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကမ္မရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ချောင်းဦးမြို့နယ်၊ ကမ္မရွာကို မီးရှို့နေပြီး ကျေးရွာအတွင်း၌ ပြည်သူ ၆၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ ငွေကျပ် သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရွှေ၊ ငွေ ပစ္စည်းများကို စစ်တပ်က ခိုးယူ လုယက်ထားကြောင်း သိရသည်။

” ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအုပ်စုက ကမ္မရွာကို ဒီနေ့ ည ၉ နာရီခန့်မှ စစ်ခွေးတွေ မီးရှို့နေပါ​တယ်။ နံနက်ပိုင်းက ရွာကို ၀င်ရောက် စီးနင်းပြီး ဓားစာခံအဖြစ် ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားပြီး ပမာဏသိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရွှေ၊ ငွေ ပစ္စည်းတွေကိုလည်း ခိုးယူ လုယက် ထားပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article