28 C
Yangon

ရေဖြူမြို့နယ်၊ ကလိန်‌အောင်မြို့ အခြေစိုက် ခမရ ၄၀၉ နှင့် ခမရ ၄၁၀ တပ်ရင်းတို့ကို PDF တပ်ဖွဲ့က တိုက်ခိုက်

Must read

ရေဖြူမြို့နယ်၊ ကလိန်‌အောင်မြို့ အခြေစိုက် ခမရ ၄၀၉ နှင့် ခမရ ၄၁၀ တပ်ရင်းတို့ကို PDF တပ်ဖွဲ့က တိုက်ခိုက်

ရန်ကုန်၊ မေ ၂၉

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၄၀၉ နှင့် ခမရ ၄၁၀ တပ်ရင်းကို PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ယနေ့ မေ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကလိန်အောင် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၄၀၉ နှင့် ခမရ ၄၁၀ တပ်ရင်းတို့ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ဒီမနက် ၅ နာရီ လောက်ကတည်းက လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေရော ကြားနေရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျောက်ရှပ်ရွာကို အင်အား ၈၀ ခန့်ဖြင့် အကြမ်းဖက် စစ်တပ်က ရောက်ရှိလာပြီး စာသင်ကျောင်း၌ တပ်စွဲပြီး ကင်းပုန်းချကာ မွန်းလွဲ ၁၁ နာရီခန့်တွင် ကျောက်ရှပ်ရွာ၌လည်း အကြမ်းဖက် စစ်တပ်နှင့် ဒေသ အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား အပြန်အလှန်ပ စ်ခတ်မှုဖြစ်ခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျောက်ရှပ်ရွာသား ၄ ဦးထက်မနည်း စစ်ကောင်စီတပ်က ဖမ်းခေါ်ထားပြီး အသက်ကြီးပိုင်း အမျိုးသား ၁ ဦးကိုလည်း ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ကျောက်ရှပ်ရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနှင့် စစ်ကြောင်းထိုးနေကြောင်း၊ ခမရ ၄၀၈ , ခမရ ၄၀၉ , ခမရ ၄၁၀ တပ်ရင်းများသည် ကလိန်အောင်မြို့နှင့် ကျောက်ရှပ်ရွာကြားတွင် တည်ရှိပြီး အကြမ်းဖက်စစ်ကောင်စီဝင်များသည် ၎င်းတို့ တိုက်ခိုက်ခံရပြီးချိန်တိုင်း ကျောက်ရှပ်ရွာထဲသို့ စစ်ကြောင်းဝင်လေ့ရှိကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article