30 C
Yangon

မုံရွာမြို့ အဝင် တိုးဂိတ်၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု ၁၁ ဦးသေဆုံး

Must read

မုံရွာမြို့ အဝင် တိုးဂိတ်၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု ၁၁ ဦးသေဆုံး

ရန်ကုန် ၊မေ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မုံရွာ-ချောင်းဦးလမ်းအထွက်လမ်းမပေါ်ရှိ တိုးဂိတ်အနီးရှိအကြမ်းဖက် စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၁ ဦးသေဆုံးခဲ့ကြောင်း Area 71 Peoples Defense Force မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၇ ရက် ညနေ ၆ နာရီခွဲခန့်က မုံရွာမြို့အဝင် မုံရွေးရွာအနီးရှိ တိုးဂိတ်အနီး၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲကာ လမ်းသွား လမ်းလာခရီးသွားပြည်သူများကို မိုက်ကြေးခွဲ ဗိုလ်ကျဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများအား နေရော ၃ ခုမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၁ ဦးသေဆုံးကာ နံနက် ၄ နာရီခန့်တွင် အလောင်းလာသယ် သွားကြောင်း သိရသည်။

“မုံရွာမြို့အထွက် မုံရွေးရွာနားတိုးဂိတ်သစ်နားမှာ၊ ဘေးမှာ ကင်းပုန်းတွေရော ဆိုရင် ၃၀ လောက်ရှိ မယ်၊ နေရာ ၃ နေရာကနေ အလစ်အငိုက်ဝင်တိုက်တာ ဗျ၊ အရပ်ဝတ်တွေနဲ့ရောနေတာ၊ ပျူတွေပိုများ မယ် ထင်တယ်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာ နာရီဝက်လောက်ကြာတယ်၊ ကျနော်တို့ရဲဘော်တွေက တော့ အပွန့်အပဲ့ကို မဖြစ်ခဲ့ပါဘူး၊ စစ်ခွေးအလောင်းတွေကတော့ မနက် ၄ နာရီလောက်မှာ မုံရွာဘက် ကနေ Jummer ကားနဲ့ကို လာသယ်သွားတာ” ဟု Area 71 Peoples Defense Force မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Area 71 people defence force ၊ Youth Revolution Attack Force ၊ Ronin Thirteen People’s Defence Force (ဒေါင်းမင်းစစ်ကြောင်းအညာတပ်ခွဲ) ၊ Monywa Special ဒိတ် ဒိတ်ကြဲ နှင့် မုံရွာခရိုင် တပ်ရင်း ၂၃၊ ၂၄ မှ ရဲဘော်များ၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ မှ ရဲဘော်များနှင့် Delta Force တောင်သာ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ မေလ ၂၈ ရက် ည ၁၀ နာရီကျော်တွင်လည်း စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာ သော အကြမ်းဖက်စစ်ကား ၁၃ စီးပါယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် နေရာ ၄ ခုခွဲ ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်သား များမှ ရမ်းသမ်းပစ်ခတ်မှုရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article