30 C
Yangon

မတ္တရာမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အုပ်စုဖွဲ့ နေထိုင်သည့် နေရာ ၃ ခုကို ဗုံးပစ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျုံဒိုးဗျူဟာကုန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မတ္တရာမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အုပ်စုဖွဲ့ နေထိုင်သည့် နေရာ ၃ ခုကို ဗုံးပစ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျုံဒိုးဗျူဟာကုန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အုပ်စုဖွဲ့ နေထိုင်သည့် နေရာ ၃ ခုကို ဗုံးပစ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့မေလ ၂၉ ရက် နေ့လည် ၁၁ နာရီခန့်က မတ္တရာမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ အကြမ်းဖက် စစ်သား၊ ပျူစောထီး၊ ရဲများ အုပ်စုဖွဲ့ထိုင်ရာ အဝေရာလက်ဖက်ရည်ဆိုင်နှင့် မြို့နယ် ပညာ ရေးမှူးရုံရှိ အကြမ်းဖက် စစ်သားများကို လက်ပစ်ဗုံး ၂ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မတ္တရာမြို့ အရှေ့ခြမ်းတွင်လည်း ဗုံးကွဲမှုဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တစ်ယောက်သေသွားတာကတော့ သေချာတယ်။ သူ့သမီးကိုယ်တိုင် လူမှုကွန်ယက်မှာ တင်ထားတာ၊ မနေ့က ကတည်းက အတည်ပြုလို့ရတယ်၊ သေတာက စစ်သားပဲ၊ ကျနော်တို့ လက်နက်ပဲလား၊ တခြား အဖွဲ့ကမိုင်းခွဲတဲ့နေရာမှာ သေတာလား အတည်ပြုမရဘူး၊ မတ္တရာမြို့အရှေ့ခြမ်းမှာ မိုင်းကွဲတာက လည်း အချိန်သိပ်မကွာဘူး၊ စစ်ခွေးတွေကတော့ တစ်မြို့လုံးကို ရမ်းသမ်းပစ်ခတ်ပြီး စစ်ဆေးကြမ်းနေ တယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှု ၂ ခုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix SGG ၊ စိန်ပန်းနီနီ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့တွင်းမစ်ရှင်များကို ဦးစားပေး လုပ်ဆောင်တော့မည်ဖြစ်သဖြင့် အကြမ်းဖက် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာ ရုံးများ၊ ရဲစခန်းများ၊ ဂိတ်များ၊ တပ်သားများနှင့် ဝေးဝေးနေထိုင်ကြ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးဗျူဟာကုန်းကို မေလ ၂၉ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Galon Column က ထုတ်ပြန်သည်။

မေလ ၂၈ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၆ ဗျူဟာက ကျေးရွာအတွင်းကို အကြောင်းမဲ့ ၁၂၀ မမနှင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့်အတွက် ပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Galon Column ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article