30 C
Yangon

ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇ လုံးပြာကျ

Must read

ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇ လုံးပြာကျ

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၇ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့တွင် ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့​ပြီး နေအိမ် ၁၇ လုံးပြာကျခဲ့ကြောင်း သိရသည်။

မုံတိုင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ကျေးရွာ ပြန်လည် ထူထောင်နိုင်ရန် အတွက် အကူအညီများ လိုအပ်နေပြီး မီးဘေးသင့် ပြည်သူများကို တန်ဖိုး အနည်းငယ်သာ ပံ့ပိုးထားပြီး လုံးလောက်မှု မရှိကြောင်း၊ အလှူရှင်များ အနေဖြင့် ထောက်ပို့ လှူဒါန်းမှုများ ပြုလုပ်ပေးရန် ရေဦး ပကဖ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article