28 C
Yangon

ချောင်းဦးတွင် PDF စခန်းတစ်ခု စီးနင်းခံရ၊ စစ်တပ်က ဖမ်း ဆီးလာသော ပြည်သူကို သတ်ဖြတ်ကာ စခန်းတဲများနှင့်အတူ မီးရှို့အလောင်းဖျောက်

Must read

ချောင်းဦးတွင် PDF စခန်းတစ်ခု စီးနင်းခံရ၊ စစ်တပ်က ဖမ်း ဆီးလာသော ပြည်သူကို သတ်ဖြတ်ကာ စခန်းတဲများနှင့်အတူ မီးရှို့အလောင်းဖျောက်

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က လူသားဒိုင်း အသုံးပြုကာ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးလာသော အမျိုးသားတစ်ဦးကို ပစ် ခတ်သတ်ဖြတ်ကာ စခန်းတဲများနှင့်အတူ မီးရှို့အလောင်းဖျောက်ပစ်ခဲ့ကြောင်း Area 71 People Defense Force Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၃၁ ရက် နံနက် ၈ နာရီခန့်က ချောင်းဦးမြို့မှ ခင် မွန် ဘက်စုံခြံဘက်သို့ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်အပြည့်တင်လာသည့် Jummer တပ်ဆင်ထားသော ကား ၂ စီးဖြင့် မုံရွေးရွာ၏ အရှေ့ဘက်တောခြေမှ ကြေးမုံရွာ အရှေ့ဘက်တောခြေသို့ ပိုက်စိတ်တိုက်မွှေနှောက်ရှာဖွေကာ PDF စခန်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက အင်အားများတော့ ပြန်တိုက်ချိန်မရပဲ ဆုတ်ပေးလိုက်ရတာဗျ၊ ဓားစာခံဖမ်းလာတဲ့ ပြည်သူတစ်ဦးကို နား ထင်သေနတ်နဲ့ တေ့ပစ်သတ်ပြီး စခန်းတဲထဲမှာ ထည့်ပြီး မီးရှို့ပစ်ခဲ့တာ၊ အမျိုးသားပါပဲ၊ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူး၊ ဦးခေါင်းခွံကြီးပွင့်နေတာပဲမြင်ရတယ်။ စစ်ခွေးတွေက အခုလောလောဆယ် မြေနဲရွာမှာ တစ်ဖွဲ့၊ အောင်သာရွာမှာ တစ်ဖွဲ့ ပြီး‌တော့‌ချောင်းဦးမှာလဲ စစ်ခွေးကားအကြီး ၅ စီး ရောက်နေတယ်” ဟု Area 71 People Defense Force Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခံရမှုကြောင့် စခန်းတဲများနှင့်အတူ လက်နက် ခဲယမ်းများ တန်ဖိုး သိန်း ၃၀၀ ခန့် ဆုံးရှုံခဲ့ကြောင်း၊ ၎င်းဆုံးရှုံးမှုများအား ပြန် လည် တည်ဆောက်နိုင်ရန် အရေးပေါ် အကူအညီများလည်းလိုအပ်လျက်ရှိသဖြင့် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်းArea 71 People Defense Force Monywa တပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article