25 C
Yangon

ရေဖြူမြို့နယ်တွင် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ၂ ကြိမ် ပစ်ခတ် သတ်ဖြတ်

Must read

ရေဖြူမြို့နယ်တွင် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ၂ ကြိမ် ပစ်ခတ် သတ်ဖြတ်

ရန်ကုန်| ဇွန် ၁

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် အသက် ၃၀ ကျော် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့က သေနတ်ဖြစ် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ လက်ချက်ကြောင့်သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသူအမျိုးသားသည် ရေဖြူမြို့နယ် ကလိန်အောင်မြို့ အင်းပြားအမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၅ နှစ် အရွယ် ကိုနိုင်ဦး ဆိုသူ ဖြစ်ပြီး မကြာသေးမှီကမှ မွန်ပြည်နယ် ရေးမြို့နယ်ကနေ ပြောင်းရွှေ့ နေထိုင် အခြေချလာသူ တစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကလိန်အောင်မြို့ခံ တစ်ဦးက “သူက ဒီကို ပြောင်းလာတာ သိပ်မကြာသေးဘူးလို့ သိရတယ်၊ ဆိုင်ကယ်စီးပြီး စစ်တပ် စစ်ဆေးရေးဂိတ်ကို သွားဖြတ်တဲ့ အချိန်မှာ ပစ်ခတ်ခံရတာ ဖြစ်တယ် “ဟု ပြောသည်။

ထိုအပြင် လက်ရှိ စစ်ကောင်စီက သေနတ်နှင့် ပစ်သတ်ခြင်းခံရသည့် ကိုနိုင်ဦး ဆိုသူသည် စိတ်ဝေဒနာရှင် တစ်ဦးလည်း ဖြစ်ကြောင်း ၎င်း နေထိုင်သည့် ရပ်ကွက်မှ ဒေသခံများထံမှ သိရသည်။

ကလိန်အောင် မြို့ဝင်တံတားကို ကိုနိုင်ဦးက ဆိုင်ကယ်ဖြင့် ဖြတ်သန်းစဉ် ယင်းတံတားရှိ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ တပ်သားများက ဆိုင်ကယ် မရပ်ပေးဟု ဆိုကာ သေနတ်နှင့် လှစ်ပစ်ချိန် ခြေကို ကျဉ်ထိမှန်ပြီး မောင်းပြေး သွားကြောင်း သိရသည်။

ထိုသို့ သေနတ်ထိရာဒဏ်ရာဖြင့် မောင်းပြေးစဉ် စစ်ကောင်စီတပ်ဖွဲ့က လိုက်ခံဖမ်းဆီးသော်လည်း ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိဘဲ လွတ်မြောက်သွားရာမှ စစ်ကောင်စီ တပ်ဖွဲ့က အင်းပြား အမှတ် ၄ ရပ်ကွက် အုပ်ကြီးကို အကြောင်းထားခဲ့ကြောင်း ၊ ဒဏ်ရာဖြင့် ကိုနိုင်ဦးကို ဖမ်းဆီးပြီးနောက် စစ်တပ်က ထပ်မံ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သေနတ်နဲ့ ပစ်ခတ်ခံရတာက နှစ်ကြိမ်ပါ ပထမ တစ်ကြိမ် ပစ်ခတ်ခံရတာ ခြေမှာပဲ ထိလို့ မသေခဲ့ဘူး။ နောက် တစ်ကြိမ် အုပ်ကြီးကဖမ်းဆီး စစ်တပ် လက်ထဲ အပ်လိုက်တဲ့ အချိန်မှာ ပစ်သတ်ခံရတာ ဖြစ်တယ် “ဟု နောက်ထပ် ကလိန်အောင်မြို့ခံ တစ်ဦးက ထပ်လောင်း ပြောဆိုသည်။

ယင်းနောက် ကိုနိုင်ဦးကို အုပ်ချုပ်ရေးမှုးက လိုက်လံရှာဖွေရာ ကလိန်အောင်မြို့ ဆုတောင်းပြည့် ဆံတော်ရှင်ပေါ်တွင် တွေ့ပြီး ပြန်လည်ခေါ်ဆောင်လာရာ လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီ တပ်နှင့် ထပ်တွေ့ပြီး သေနတ်နှင့် ပစ်သတ်လိုက်ရာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများကပြောဆိုသည်။

အလားတူ ထားဝယ်မြို့ပေါ်တွင်လည်း မေလ ၃၀ ရက်နေ့ ညပိုင်းက လမ်းဘေးခွေးစာ လာကြွေးသည့် မြို့ခံ နှစ်ဦးကိုလည်း စစ်ကောင်စီ တပ်ဖွဲ့က သေနတ်နှင့် ပတ်သက်ပြီး ဆိုင်ကယ်နှင့် လူကိုပါ မီးရှို့ အလောင်းဖျောက်ပစ်ရန် ပြုလုပ်ခဲ့သေးကြောင်း ထားဝယ်မြို့ခံများထံမှ သိရ သည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းမှ အကြမ်းဖက်စစ်သားများ။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article