25 C
Yangon

ထန်းတပင်တွင် စစ်တပ် ရိက္ခာပို့ယာဥ်တန်းများ ဖြတ်သန်းသွားလာနေသည့် တံတားကို မိုင်းခွဲ ရှင်းလင်း

Must read

ထန်းတပင်တွင် စစ်တပ် ရိက္ခာပို့ယာဥ်တန်းများ ဖြတ်သန်းသွားလာနေသည့် တံတားကို မိုင်းခွဲ ရှင်းလင်း

ရန်ကုန်၊ ဇွန် ၅

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဥ်တန်းများ ဖြတ်သန်းသွားလာနေသည့် တံတားကို မိုင်းခွဲ ရှင်းလင်းခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဥ်တန်းများ ဖြတ်သန်းသွားလာနေသည့် ထန်းတပင်-ဇရပ်ကြီး မင်းလမ်းမရှိ ချောင်းခြားကျေးရွာနှင့် နှစ်တန့်ကူကျေးရွာ တံတားကို ထန်းတပင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းခွဲ ရှင်းလင်းခဲ့ကြောင်း သိရသည်။

“နံနက် ၂ နာရီ ၁၅ မိနစ်လောက်က ထန်းတပင်-ဇရပ်ကြီးမင်းလမ်းမမှာရှိတဲ့ ချောင်းခြားကျေးရွာနဲ့ နှစ်တန့်ကူကျေးရွာ တံထားကို ထန်းတပင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းခွဲ ရှင်းလင်းခဲ့တယ်။ စစ်ကောင်စီရဲ့ ရိက္ခာပို့ လမ်းကြောင်းကို ပြတ်တောက်အောင် လုပ်တာပေါ့” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article