25 C
Yangon

ကလေးမြို့၊ လက်ပံချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရ

Must read

ကလေးမြို့၊ လက်ပံချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရ

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ လက်ပံချောင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၆ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၇ မိနစ်တွင် ကလေးမြို့တွင်း ၂၂၈ တပ်ကပ်လျက် အမြောက်တပ် မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်ပံချောင်းရွာ B ရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးစိုးရိမ်ရကြောင်း သိရသည်။

“လေကြောင်းပစ်ပြီးတော့ မြောက်ပိုင်းကို လျှောက်ထုတာ။ ကျတော့လက်ပံချောင်း B ရပ်ကွက်။ တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ ပစ်တာ “ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ၆ ဦးထဲမှ ၁ ဦးသည် စိုးရိမ်ရပြီး ခြေထောက် နှစ်ဖက် ဆုံးရှုံးဖွယ်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article