32 C
Yangon

မုံရွာမြို့ရှိ နမခ တပ်မှ ထွက်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်၊ ခင်ဦးမြို့နယ်ရှိ ကံသစ်ရွာကို မီးရှို့နေသော စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မုံရွာမြို့ရှိ နမခ တပ်မှ ထွက်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်၊ ခင်ဦးမြို့နယ်ရှိ ကံသစ်ရွာကို မီးရှို့နေသော စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)တပ်အတွင်းမှ ချောင်းဦးမြို့သို့ ထွက် လာသော အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုများနိုင်ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း (People’s Defence Force – South Monywa) မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၅ ရက် ညနေ ၂ နာရီ ၄၅ မိနစ်ခန့်က အင်အား ၆၀ ခန့်တင်ဆောင်ပြီး ချောင်းဦးမြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် သံပြားကား ၂ စီးကို ပဒေသာမိုင်း ၃ တွဲ တစ်ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရှေ့မှတက်လာသော ကားအား ထိထိမိမိထိမှန်ခဲ့ပြီး ဘေးတစ်ခြမ်းမြောက်သွားကြောင်း၊ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း သိရသည်။

“ဘေးတစ်ခြမ်းမြောက်တက်သွားပြီး ပြန်အကျမှာ ကားပေါ်ပါတဲ့ခွေးတွေက လမ်းဘေးဝဲယာကို တရစပ် ရမ်းပစ်သွားတယ်၊ အထိအခိုက်ရှိနိုင်ပေမယ့် အတိအကျ မသိရဘူး၊ လမ်းမှာ တခြားပွိုင့်တွေလဲ ဆွဲသေး တယ်၊ ဘယ်ပွိုင့်က ဘယ်လောက်ထိမယ်ဆိုတာ အတိအကျပြောလို့မရနိုင်ဘူးစ်ကြောင်းထွက်ဖို့ဖြစ်မယ် ထင်တယ်ဗျ၊ ချောင်းဦးမြို့ထဲဝင်သွားတယ်” ဟု မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း (People’s Defence Force – South Monywa) မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း (People’s Defence Force – South Monywa) နှင့် မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ(၃) Force Our History(FOH) တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို မီးရှို့နေသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Local Lake Guerrilla Revolution Force အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ကံသစ်ကျေးရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ခင်ဦးမြို့နယ် နယ်မြေခံကျေးလက်ပျောက်ကြားတပ်ဖွဲ့ Local Lake Guerrilla Revolution Force နှင့် ကျေးလက် မဟာမိတ်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article