26 C
Yangon

ရန်ကုန်မြို့လယ်ရှိ အခွန်ရုံးကို ဗုံးခွဲတိုက်ခိုက်မှု Brave Eagle အဖွဲ့က လုပ်ဆောင်ခဲ့ပြီး ဒရုံမြို့သစ်အရှေ့မြို့နယ် ကြံ့ဖွတ်ရုံးကိုပါ ယနေ့ည မိုင်းခွဲတိုက်ခိုက်ခဲ့

Must read

ရန်ကုန်မြို့လယ်ရှိ အခွန်ရုံးကို ဗုံးခွဲတိုက်ခိုက်မှု Brave Eagle အဖွဲ့က လုပ်ဆောင်ခဲ့ပြီး ဒရုံမြို့သစ်အရှေ့မြို့နယ် ကြံ့ဖွတ်ရုံးကိုပါ ယနေ့ည မိုင်းခွဲတိုက်ခိုက်ခဲ့

ရန်ကုန်၊ ဇွန် ၅

ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အလယ်အလတ် အခွန် ထမ်းရုံးနှင့် ဒဂုံအရှေ့မြို့နယ်၊ ကြံ့ဖွတ်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Brave Eagle တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ဇွန်လ ၅ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်မြို့အတွင်းနေရာဖြစ်သော ကျောက်တံ တားမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး ၃ ထပ်အထိ တက်ရောက်ကာ ချိန် ကိုက် မိုင်းအသုံးပြုပြီး မစ်ရှင်ဖော်ဆောင်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် Non CDM ဒုဦးစီးအရာရှိ၊ ဝန်ထမ်း ၃ ဦးနှင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“အခုတိုက်ခိုက်မှုက အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားလည်ပတ်မှုထောက်တိုင်အနေနဲ့ သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရေး၊ အုပ်ချုပ် ရေးနဲ့ စီးပွားရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ကာ ဖြစ်စေ ထောက်ခံအားပေး ဝန်းရံနေတဲ့ ဘယ် ထောက်တိုင်မဆို ဒဏ်ခတ်အရေးယူ တိုက်ခိုက်သွားတော့မှာဖြစ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်အဖွဲ့ အစည်းတွေနဲ့ အဆောက်အအုံတွေအနားကို ဖြတ်သန်းသွားလာခြင်း မလုပ်ကြဖို့၊ ဝေးဝေးရှောင်ရှား နေထိုင်ကြဖို့ မိဘပြည်သူတွေကို မေတ္တာရပ်ခံလိုပါတယ်” ဟု Brave Eagle တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အလားတူ ယနေ့ ညနေ ၇ နာရီ ၅ မိနစ် အချိန်တွင် အရှေ့ဒဂုံမြို့နယ်၊ ကြံဖွတ်ရုံးကို အဝေးထိန်းမိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး မြေပြင်ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပြောက် ကျား ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကြံ့ဖွတ်ရုံးကတော့ အထိအခိုက် နည်းနည်းလေးပဲရှိတယ်။ အခုတော့ ပျူရော စစ်ခွေးအကုန်ရောက်နေပြီ” ဟု Brave Eagle မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ မွန်းတည့်ပိုင်း ကျောက်တံတားအခွန်ရုံးကို မိုင်းခွဲတိုက်ခိုက်မှု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article