30 C
Yangon

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၁၃ ဦးသေဆုံး

Must read

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၃ ဦး သေဆုံးခဲ့ကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျား တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စံဖဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇွန်လ ၅ ရက် နံနက် အစောပိုင်း ၂ နာရီခွဲခန့်တွင် ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မ ဟာမိတ် တပ်ပေါင်းစုတပ်ဖွဲ့များစုပေါင်းပြီး တာဝေးပစ်လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက် ခိုက်ခဲ့ရာ ပျူကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပျူစောထီး ၁၃ ဦးသေဆုံးပြီး အများအပြားဒဏ် ရာရရှိကာ အထိနာပြီး နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ဗုံးကျဲပစ်ကူပေးခဲ့ကြောင်း သိရသည်။

“မနက် ၆ နာရီ လောက် ကျနော်တို့ခေါင်းပေါ်ကနေ တံတားဦးက တိုက်လေယာဉ် ၂ စီးနဲ့ ၆ ခေါက် ၇ ခေါက်လောက် ဝဲပြီး နောက်ဆုံးတစ်ခေါက်မှာ ဗုံးသီး ၂ လုံးချသွားတယ်၊ တလုံးကွဲတယ်၊ တစ်လုံးက တော့မကွဲဘူးဗျ၊ ပြီးတော့ မော်တာဂန်းတွေနဲ့ တရစပ်ပစ်ခတ်နေတာ၊ ကျနော်တို့လဲ နေရာရွှေ့ပြောင်း လိုက်ရတယ်၊ လုံခြုံရေးအရ တိုက်လေယာဉ်နဲ့ ဗုံးကျဲပစ်ခတ်တာကို မှတ်တမ်းမယူနိုင်ခဲ့ဘူး” ဟု ဗိုလ်စံ ဖဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါမှုကို ယင်းမာပင်-ဆားလင်းကြီ လက်နက်ကြီး မဟာမိတ် တပ်ပေါင်စုဝင်များ ဖြစ်ကြသော နယ်စည်းမခြား ဇာမဏီပြောက်ကျား၊ Fighter Brotherhood Guerrilla Army ၊ Eagle Defense Force(EDF)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Salingyi Border Task Force၊ BED ငညို ပြည်သူ့ကာကွယ်ရေးတပ် ၊ Golden Star Force(ခရိုင်ရင်း ၂၉ တပ်ခွဲ ၅) ၊၊ တော ကျီးကန်း၊ ရောင်နီဉီးတပ်စု ၊ယက္ခညီနောင်နှင့် အခြားမဟာမိတ်များ ဖြစ်ကြသော Myanmar National Armed Force ၊ သခင်ဒေါင်းညို၊ တဇောက်ကန်း ဘဂျမ်း (ခရိုင်ရင်း ၃၁) အပါအဝင် အခြား မဟာမိတ် တပ်ဖွဲ့များ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထောက်ပို့အင်အားက နည်းပါးတော့ အပြန်အလှန် ပစ်ပြီး စခန်းသိမ်းနိုင်ဖို့ အခက်အခဲရှိခဲ့တာ၊ စခန်း နားအထိ ရောက်ခါနီးမှ ပြန်ဆုတ်ခဲ့ရတယ်၊ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီ ထောက် ပံ့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျ” ဟု ဗိုလ်စံဖဲက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article