မဘိမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲနေ
ရန်ကုန်၊ ဇွန် ၆
ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက စတင်ကာ မဘိမ်းမြို့နယ်၊ ပြချောင်းရွာအနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် KIA၊ PDF ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က နံနက် ၁၁ နာရီခန့်တွင် တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
” မဘိမ်းမြို့နယ်၊ ပြချောင်းရွာအနီး တရုတ်ငှက်ပျောတောဆိုက် ၁ နဲ့ ဆိုဒ် ၆ ကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကျဲနေတယ်။ ပြချောင်းရွာဘက်က စစ်တပ်က ဇွန်လ ၁ ရက်နေ့တည်းက တက်လာတာ ဒီနေ့ နံနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဗုံးကျဲတော့တာပဲ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။